Our love story
ကျွန်တော်နဲ့ သူနဲ့ စတွေ့တာတော့ ကျွန်တော်က အဲ့တုန်းက ၈တန်း သူက ၇တန်းပေါ့ ကျူရှင်မှာ စတွေ့ကြတာ သူက စပ်စလူးမလေးပေါ့😁 ကျွန်တ်ောကတော့ ခပ်အေးအေးပါ ဒီလိူနဲ့ တနှစ်လောက် သူငယ်ချင်းလိုပဲခင်သွားပြီးတော့ သူ ရုတ်တရက် အိမ်ပြောင်းသွားခဲ့တယ်လေ ကျွန်တော့်မှာ မိန်းကလေး သူငယ်ချင်းလဲ မရှိတော့ သူ့ကို သတိရတာပေါ့ နောက်တော့ ပြန်အဆက်အသွယ်ရပြီး အရင်လို ခင်ခင်မင်မင်နဲ့ ကျွန့်တော့် အချစ်ဆုံး မိန်းကလေးသူငယ်ချင်း အဖြစ်ပဲ ရှိနေခဲ့တယ် ဒီကြားထဲမှာ အဆက်အသွယ်တွေလဲ ပြတ်သေးတာပေါ့ ဒီလိုပဲ စကားတွေ နေ့တိုင်း ပြောပြီးတော့ သူလဲ သူငယ်ချင်း သံယောဇဉ်ကနေ ကျွန်တော့်ကို ချစ်မိလာတယ် ထင်ပါတယ် ကျွန်တော့်ကို စပြီး ဖွင့်ပြောတယ်လေ ကျွန်တော်လဲ သူ့ကို စိတ်ဝင်စားလို့ တွဲလိုက်တာ တွဲတာကြာလာတော့ သူမှသူ ဖြစ်လာတာပေါ့🥺❤️ တွဲလာတဲ့ အချိန်တွေထဲမှာ ရန်ခနခနဖြစ်ကြတာပေါ့ ဒီလိုနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ကျွန်တော်တို့ ဇာတ်လမ်းလေး မြဲနေကြတာပေါ့ဗျာ☺️ သူနဲ့ ကျွန်တော် ရန်ဖြစ်တိုင်း တယောက်နဲ့ တယောက် အော်လိုက် ငေါက်လိုက် ဆဲလိုက်နဲ့ ပြတ်မယ်ပြောတော့လည်း နှစ်ယောက်လုံး မပြတ်နိုင်ကြဘူးလေ😊 မေရေ အများကြီး ချစ်တယ်နော် ကိုတို့ နောက်ဆို ရန်မဖြစ်အောင် နေကြမယ်နော် ကိုလဲ မေစိတ်ဆိုးရင် အာဘွားပေးပြီး ချော့ပါ့မယ်နော်😚🥺 ကိုတို့ အကောင်အထည်ဖော်ရမယ့် ပျော်စရာအနာဂတ်လေး ရှိသေးတယ်နော် မေ ကို့အတွက် သားလေးတယောက် သမီးလေး တယောက်လဲ မွေးပေးရအုံးမယ်နော်🥺 မေဘက်က စပြီး ဖွင့်ပြောခဲ့တာ ဆိုပေမယ့် ကိုလဲ မေ့ကို မေချစ်သလောက်ကို ချစ်ပါတယ်ကွာ ကောင်မလေးရေ ကို မေ့ကို ဘီလံယံနဲ့ ချီပြီး ချစ်တယ်ဗျာ☺️❤️
View of the space
29th Oct 2021
The photo NASA took on
our first kiss
လေးတွေက ဘာပြောလဲ
Pisces နှစ်ယောက်လုံးဟာ စိတ်ခံစားမှုပြင်းထန်ပြီး တစ်ယောက်စိတ်ကို တစ်ယောက် အလိုလိုသိတဲ့ သဘာဝရှိပါတယ် တစ်ယောက်ကို တစ်ယောက် အပြည့်အဝနားလည်နိုင်ကြပေမယ့် ဘယ်အချိန်ထိ တည်မြဲနိုင်ကြမလဲ
Relationship
သူတို့နှစ်ယောက်ရဲ့ ပုံပြင်ဟာ ရှုပ်ထွေးသလောက် စိတ်ဝင်စားစရာလည်း အလွန်ကောင်းပါတယ် နှစ်ယောက်လုံးဟာ သိမ်မွေ့တဲ့ စိတ်ကူးယဉ်သမားတွေဖြစ်ကြတာကြောင့် တစ်ယောက်ရဲ့ ဆန္ဒကို တစ်ယောက်က ဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာကိုပဲ တွေးနေတတ်ကြသူတွေဖြစ်တယ် Pisces နဲ့ Pisces ကြားအချစ်ရေးဟာ တစ်ယောက်ရဲ့ မျှော်မှန်းချက်တွေကို နောက်တစ်ယောက်က အမြဲကူညီဖြည့်ဆည်းပေးနေမယ့် အမျိုးအစားဖြစ်တယ် များသောအားဖြင့် သူတို့အချစ်ရေးဟာ ဆယ်ကျော်သက်နှစ်ယောက်ကြားက သိမ်မွေ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆက်ဆံရေးလိုပဲ အရမ်း romaticဆန်ပြီး ရိုမီရိုနဲ့ ဂျူးလိယက်တို့ ချစ်ကြသလိုပါပဲ ဒါပေမယ့် ရေရှည်မှာတော့ အရမ်းမျှော်လင့်လို့မရပါဘူး Pisces မိန်းကလေးတွေဟာ လက်တွဲဖော်ဆီကနေ သန်မာမှု အားကိုးရမှု စိတ်ဓာတ်ခိုင်မာမှုတွေကို မျှော်လင့်လေ့ရှိပြီး Pisces ကောင်လေးဟာလည်း လက်တွဲဖော်ဆီကနေ သန်မာတဲ့ အရည်အသွေးတွေကို ရချင်ပါတယ် ဒါပေမယ့် နှစ်ယောက်လုံးဟာ ကဗျာဆန်ပြီး နူးညံ့နေတာကြောင့် အဆင်မပြေဖြစ်တတ်ပါတယ်
Family
သူတို့နှစ်ယောက် လက်ထပ်ပြီးရင် နှစ်ယောက်လုံးဟာ အိမ်မှုကိစ္စတွေကို စိတ်မဝင်စားတာကြောင့် အိမ်ထောင်ရေးဟာ ထင်ထားသလောက် မဖြောင့်ဖြူးပဲ ခက်ခဲတတ်ပါတယ် ပစ္စည်းတွေနဲ့ ပတ်သတ်ရင် နှစ်ယောက်လုံးဟာ ထိန်းသိမ်းဖို့ တာဝန်ယူလိုစိတ် မရှိတတ်ကြတာကြောင့် မိသားစုစီးပွါးရေးဟာ ခေါင်းကိုက်စရာပါ ဒါကြောင့် မိသားစုဘဝခရီးအဆင်ပြေဖို့ ဆိုရင် နှစ်ယောက်လုံးဟာ ကိုယ့်ရဲ့ နဂိုအကျင့်တွေကနေ ရုန်းထွက်ဖို့ အပြင်းအထန်ကြိုးစားရမှာပါ နောက်ပိုင်း စီးပွါးရေးအတည်တကျ ဖြစ်လာရင်တော့ ခံစားချက်ချင်းဆက်နွယ်နေပြီးသား သူတို့အတွက် ပြဿနာဖြစ်စရာအကြောင်းဆိုတာ မရှိနိုင်တော့ပါဘူး
Intimacy
အိပ်ယာပေါ်မှာလည်း နှစ်ယောက်လုံးဟာ အပြင်းအထန်ဆက်ဆံရတာကို သဘောကျသူတွေမဟုတ်ပဲ romanticဆန်ဆန်နဲ့ နူးနူးညံ့ညံ့ပုံစံနဲ့ပဲ သွားလေ့ရှိကြပါတယ် စိတ်ကူးထဲက ကျေနပ်စရာ ပုံစံမျိုးရအောင် နှစ်ယောက်လုံးက သေချာကြိုးစားကြပေမယ့် စိတ်ကတောင့်တတိုင်း ဝုန်းဒိုင်းကြဲကြမ်းကြတာမျိုးကိုတော့ နှစ်ယောက်လုံးစိတ်မပါကြပါဘူး